
` ဒီအရေးအခင်းဟာ တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမလည်း ဖေဖေရဲ့ သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ပါဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ခေါ်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီလွတ်လပ်ရေးကို တမျိုးသားလုံးလိုချင်တဲ့ ဆန္ဒပြင်းပြလွန်းလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ´
၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက် ရွှေတီဂုံဘုရားအနောက်ဘက်မုဒ်ဦး..။ လူထုအစည်းအဝေးပွဲကြီးမှ သန်း(၄၀)ရှိသော မြန်မာပြည်သူများသို့ တုန်ဟီးသွားစေခဲ့၏။
ဤျနေ့မှစ၍ ဒေါ်စုသည်လူထု၊ လူထုသည် ဒေါ်စု ခွဲမရအောင် သွေးစည်းမိခဲ့ကြ၏။
ထိုမှစ၍ တနေ့ပြီးတနေ့၊ တရက်ပြီးတရက် အချိန်တွေက ရင့်မှည့်၍ လာခဲ့၏။ တကြောင်းပြီးတကြောင်း တစ်မျက်နှာပြီးတစ်မျက်နှာ ရေးထိုးခဲ့သည့် ဒေါ်စု၏ ကိုယ်ရေးသမိုင်းများက ဒုတိယလွတ်မြောက်ရေးတိုက်ပွဲသမိုင်းတွင် ဂုဏ်ရောင်ပြောင်မြောက်စွာဖြင့်…..။
အတိတ်၊ ပစ္စုပ္ပန် ၊အနာဂတ် ကာသလသုံးပါးက ဒေါ်စု၏ လှပသော သမိုင်းကျောက်စာတိုင်များတွင်……
လူထုခေါင်းဆောင်……. ဒေါ်အောင်ဆန်းစုကြည်
ဒီမိုကရေစီခေါင်းဆောင်… ဒေါ်အောင်ဆန်းစုကြည်
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်..…. ဒေါ်အောင်ဆန်းစုကြည် …. စသည်… စသည်ဖြင့် မြန်မာ့သမိုင်းက ကဗ္ဗည်းထိုးကြ၏။
ဒေါ်စုသည် … ရိုးသား၏။
ဒေါ်စုသည်… ပွင့်လင်း၏။
ဒေါ်စုသည်… ကိုယ်ကျင့်သီလ သိက္ခာရှိသည်။
ဒေါ်စုသည်……
ဒေါ်စုသည်……။
ဤသို့ဖြင့် … ဒေါ်စု၏ မွေးနေ့အား မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြ၏….။
ဒေါ်စု … ကျန်းမာပါစေ…။
ဒေါ်စု …သက်တော်ရှည်ပါစေ….။
ဒေါ်စု …သက်တော်ရှည်ပါစေ….။
ဒေါ်စု …သက်တော်ရှည်ပါစေ….။
ကျနော်တို့သည် ဒေါ်စုအား မွေးနေ့လက်ဆောင်အဖြစ် ဒုတိယလွတ်မြောက်ရေးတိုက်ပွဲတွင် ပါဝင်တိုက်ပွဲဝင်ကြပါစို့……။
ပြည့်စုံ
Wednesday, June 18, 2008
ဒေါ်စု (၆၃) နှစ်မွေးနေ့မှသည်သက်တော်ရာကျော် ရှည်ပါစေ....
စာရေးသူ ... ပြည့်စုံ (အချိန်) 6/18/2008 09:56:00 AM 2 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. မွေးနေ့အမှတ်တရ
Monday, June 16, 2008
ခြင်နဲ့ ဖြုတ်
နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။
ခြင် နဲ့ဖြုတ်
မင်းတို့ကို
မသတ်လိုဘူး။
ဒို့ဆီက
ထွက်ပျံကြဖို့၊
အလေးအနက် တောင်းဆိုတယ်။
ခြင်ထောင်မဲ့
ခြုံစောင်မဲ့၊ ဒို့ရဲ့ ခန္ဓာကိုယ်
နေရာမလပ်၊ လှည့်ပတ်ကိုက်ရင်း
မင်းတို့ သွေးစုတ်နေကြတယ်။
မင်းတို့အားလုံး
စုရုံးပျံသွားကြစမ်းပါ။
တကယ်ဆိုရင်
ဗွက်စိုနွံကြား၊ ရွှံ့ပုတ်ကြားက
မွေးဖွားလာတဲ့ မင်းတို့လို။
ဓနိကျူဝါး
တဲကုပ်ကြားမှာ၊ ကြီးထွားနေတဲ့ ငါတို့ပါ။
ဘ၀တူချင်း
အတန်းစားချင်း၊ ရက်စက်ခြင်းနဲ့
မင်းတို့ ဗိုလ်မကျသင့်ဘူး။
မင်းတို့ဟာ
ဒို့ရဲဘော်ဖြစ်သင့်တယ်။
စာရေးသူ ... ပြည့်စုံ (အချိန်) 6/16/2008 12:40:00 PM 3 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. ကဗျာ
Thursday, June 05, 2008
ဗေဒါလမ်းဂျာနယ် အတွဲ(၁) အမှတ်(၃)
စာရေးသူ ... ပြည့်စုံ (အချိန်) 6/05/2008 05:58:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. သတင်း
Saturday, May 31, 2008
ပြန့်လွင့်ခြင်း
ည ....
သစ်ပင်ရိပ်တွေက
ကြောက်စရာသတ္တ၀ါကြီး
ကုန်းရုန်းထကြွနေသလို
စိတ်ရိုင်းတွေကို လှုံ့ဆော်လို့
အမှားတွေ ကျူးလွန်ဖို့အတွက်
ညဟာ ညပီသလွန်းခဲ့တယ်။
အိမ်မရတဲ့... ည
မအိပ်ရတဲ့... ည
တိမ်သားကင်းစင်ပေမယ့်
ကြယ်တွေမစုံတဲ့... ည
ခြေလှမ်းတွေ တုံ့ဆိုင်း
အတွေးတွေ အုံ့မှိုင်း
သေချာပါတယ်.....
နာဂစ်ရဲ့ ၀ါးမြိုမှုကြောင့်
အလင်းနှစ် သန်းပေါင်းများစွာအထိ
ကြေကွဲကြ
ငိုကြွေးကြ
ပူဆွေးနေကြရအုံးမှာပါ.....။
စာရေးသူ ... ပြည့်စုံ (အချိန်) 5/31/2008 11:50:00 AM 5 စာဖတ်သူ၏ မှတ်ချက်
Friday, May 23, 2008
Post nagris
Where is ma ma?
Where is pa pa?
Oh! They are died.
It's cool ma ma.
I'm hungry, pa pa.
Ma Ma and pa pa were passed away,
I knew it.
But I'm calling ma ma and pa pa again and again.
Until the saver came.
Oh! ma ma and pa pa....
Kyaw Lwin Myint,
နာဂစ်အလွန်
အမေ ဘယ်ရောက်သွားလဲ
အဖေ ဘယ်ရောက်သွားလဲ
အော်... သူတို့သေသွားကြပြီဘဲ...။
ချမ်းလိုက်တာ အမေရယ်...
ဆာလိုက်တာ အဖေရယ်...
အမေနဲ့ အဖေ မရှိတော့ဘူးဆိုတာ သိပါတယ်...
ဒါပေမယ့် အမေနဲ့ အဖေ ကိုဘဲ တစာစာခေါ်နေမိတယ်။
နွေးထွေးပွေ့ချီမဲ့သူ မလာသရွေ့ပေါ့...
အမေနဲ့ အဖေရယ်.....။
ကျော်လွင်မြင့်
စာရေးသူ ... ပြည့်စုံ (အချိန်) 5/23/2008 10:55:00 PM 1 စာဖတ်သူ၏ မှတ်ချက်
တောင်းပန်ပါရစေ မရက်စက်ပါနဲ့


မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်သွားတဲ့ နာဂစမုန်တိုင်းကြောင့် လူပေါင်းသိန်းနဲ့ချီသေဆုံးရတယ်။ သန်းနဲ့ချီပြီး အိုးအိမ်နေရာတွေ မဲ့သွားရတယ်။ နောက်ဆက်တွဲ အသက်အန္တရာယ်များနဲ့ စက္ကန့်တိုင်း နာရီတိုင်း ထိပ်တိုက်ရင်ဆိုင်နေကြရတယ်။
မြန်မာပြည်သူအားလုံး ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားသလို စစ်အစိုးရကလဲ ဒီလိုဖြစ်လာလိမ့်မယ်လို့ သတိပေးမကြေငြာခဲ့ပါ။ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ပြောစရာမလိုတော့ပါ ဘူး။
အခုပြောစရာရှိတာက ဒါနိုင်ငံရေးမဟုတ်ဘူးဆိုတာဘဲ တွေ့ဆုံဆွေးနွေးရမဲ့အချိန်မဟုတ်ပါဘူး။ အစိုးရက ကျဉ်းမြောင်းတဲ့အမြင်သဘောထားနဲ့ ပြောချင်ရာပြောပြီးလုပ်ချင်တာ လုပ်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံရေးခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးနားချနေရဦးမယ်ဆိုရင် နောက်ထပ် သေကြရမဲ့ သန်းချီတဲ့အသက်တွေဟာ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြရတော့မယ်။
ယခုချက်ချင်း ဘယ်သူ့ခွင့်ပြုချက်မှ စောင့်ဆိုင်းမနေတော့ဘဲ ကရုဏာကြောင့်ဖြစ်ပေါ်လာသော ပြတ်သားရဲရင့်သည့် ဆုံးဖြတ်ချက်ဖြင့် ကယ်တင်ပေးကြပါ။
ယခုချက်ချင်း တစစီကွဲကွာသွားကြတဲ့မိသားစုများနဲ့ ငတ်မွတ်နေတဲ့ ရင်ခွင်မဲ့ခလေးများကို အမြန်ဆုံးနွေးထွေးချီပွေ့ကြပါ။
မုန်တိုင်းခံပြည်သူများအား မရက်စက်ကြရန် တောင်းပန်အပ်ပါသည်။
နာဂစ် (ခ) နအဖ မုန်တိုင်းဒါဏ်ခံ ပြည်သူများ
စာရေးသူ ... ပြည့်စုံ (အချိန်) 5/23/2008 01:27:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. Statement
Thursday, May 22, 2008
KNU ဥက္ကဌ ပဒိုစောဘသင်စိန် ကွယ်လွန်

အသက် (၈၂) နှစ်ရှိပြီဖြစ်သော ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂) နာရီတွင် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ကွယ်လွန်သွားခဲ့သည်။ ဖဒိုစောဘသင်စိန်သည် ၂၀၀၀ပြည့်နှစ်မှ စတင်၍ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။
ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး ကျန်ရစ်ခဲ့ပါသည်။ ဈာပနအခမ်းအနားအား KNU ထိန်းချုပ်နယ်မြေ တနေရာတွင် ပြုလုပ်မည်ဖြစ်ကြောင်းကြားသိရပါသည်။
စာရေးသူ ... ပြည့်စုံ (အချိန်) 5/22/2008 02:32:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. သတင်း
Sunday, May 11, 2008
ကူညီကြပါရန်
၂၀၀၈ ဧပြီလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မေလ ၂ နေ့ ညနေပိုင်းမှစတင်၍ ပြင်းထန်စွာတိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းဟာမြန်မာနိုင်ငံသို့ ရက်စက်ကြမ်းတမ်းစွာ ထိုးနှက်ခံခဲ့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ဘ၀တွေပေးခဲ့ရ အပြစ်ကင်းပြီး ဖြူစင်တဲ့ပြည်သူတွေ အနာဂတ်ရဲ့ ကြယ်စင်လေးတွေ ကြွေလွင့်ခဲ့ရတယ်၊အသက်တွေပေးခဲ့ရတယ်။ ဒါတွေဟာ ဘယ်သူ့ကြောင့်လည်း ဘာကြောင့်လည်းဆိုတာတော့အားလုံးသိကြမှာပါ။ 

အချိန်အခါ မသင့်ပဲကြွေလွင့်ခဲ့ရသော ကြယ်ပွင့်လေးများနှင့် အပြစ်ကင်းစင်သောပြည်သူအပေါင်းအား ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်းလိုက်ပါတယ်။ ဘ၀ဆက်တိုင်း ဆက်တိုင်း.. အခုလိုအဖြစ်မျိးနဲ့ကင်းဝေးကြပါစေလို့...
မင်းဆိုးက နှိပ်စက် မုန်တိုင်းဒါဏ်က နှိပ်စက်ခံနေကြရသောလက်ရှိအိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်နေကြသော ပြည်သူများကို ကူညီကြပါ။ ထိရောက်သောအကူအညီများလိုအပ်နေပါသည်။
စာရေးသူ ... ပြည့်စုံ (အချိန်) 5/11/2008 02:30:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. ၀မ်းနည်းမှတ်တမ်း
မြေသြဇာအဖွဲ့၏အထူးကြေငြာချက်
စာရေးသူ ... ပြည့်စုံ (အချိန်) 5/11/2008 02:01:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. Statement
Wednesday, May 07, 2008
နာဂစ်မုန်တိုင်းနှင့်ပတ်သတ်၍အရေးပေါ်ကြေညာချက်

၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့သောကြာနေ့ညပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည် ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ပျက်စီးဆုံး ရှုံးမှုကြီးမားခဲ့ပြီး လူအသေအပျောက်နှုံးမှာလည်းထိတ်လန့်တုန်လှုပ်ဖွယ်ရာအထိ ဖြစ်ခဲ့ရပါသည်။ လေမုန်တိုင်းတိုက်ရိုက်အတိုက်ခံရသည့်မြို့များဖြစ်သော ဘိုကလေးမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ ဘိုကလေးမြို့နယ်တွင်၉၅%ခန့်ပျက်စီးဆုံးရှုံးခဲ့သည်လူဦးရေ၂၂၀၀၀(၆.၀၅.၂၀၀၈)နေ့အထိသေဆုံးပြီးလူဦးရေ(၅၀၀၀၀)ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။ ယခုကဲ့သို့လေမုန်တိုင်းတိုက်ခိုက်ခဲ့သည့် အတွက် ကုန်ဈေးနှုံးမှာ ၂ ဆ ၃ ဆ တက်လာခဲ့ပါပြီ ၊ အသားငါး ၊ လောင်စာဆီဈေးနှုံးတို့မှာလည်း အဆပေါင်းများ စွာတက်သဖြင့်လေမုန်တိုင်း ဒဏ်ခံခဲ့ရသောပြည်သူလူထုမှာစားဝတ်နေရေးအတွက် မကြုံစဖူးအခက်အခဲများနှင့်ကြုံတွေ့နေရပါ သည်။ မုန်တိုင်း ဒဏ်ကြောင့် ကျန်းမာရေး ၊ ဆက်သွယ်ရေး ၊ နေရေး ထိုင်ရေး ၊ လျှပ်စစ်မီးပြတ်တောက်မှု ၊သောက်သုံးရေ ပြတ်လပ်မှုနှင့် လုံခြံရေးအခက်အခဲများကိုစစ်အစိုးရ၏ စစ်တပ် ၊ ရဲ ၊မီးသတ် စသည်မည်သည့် အာဏာပိုင်အဖွဲ့အ စည်းများကမှ တစုံတရာ ဖြေရှုင်းပေးခြင်းများမရှိသေးပေ ။ သို့သော် စစ်အစိုးရမှ၎င်းတို့၏ စစ်တပ်အရာရှိများ နေထိုင်သော နေရာများနှင့် ဗိုလ်ချုပ်ရွာများတွင် စစ်သားများဝင်ရောက်၍ ပိတ်ဆို့နေသော သစ်ပင်များကိုရှင်းလင်းဖယ် ရှားပြီး လုံခြံရေးအ ပြည့်အ၀ယူထားခဲ့သည် ။ ကျန်နေရာများတွင် သက်ဆိုင်ရာရပ်ကွက်အလိုက် ပြည်သူလူထုမှ မိမိတို့လုံခြုံရေး ၊ စားဝတ်နေရေး ပြဿနာများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဖြေရှင်းနေရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ပြည်နယ်နှင့်တိုင်း ဒေသများကို အာဏာပိုင်စစ်အစိုးရမှ သဘာဝဘေးဒဏ်ကျရောက်ခဲ့သော ဒေသများအဖြစ် ကြေငြာခဲ့သော်လည်း လက်တွေ့တွင်ယနေ့ထိ ထိရောက်သော အကူအညီများ ပေးခြင်းမရှိသေးပါ။ ယင်းသို့ သဘာဝဘေးဒဏ်ခံစားနေရသော ပြည်သူလူထုများအား အချိန်မီ အကူအညီများပေးရန်လိုအပ်နေပါသည်။ အထက်ပါပြည်သူလူထုခံစားနေရသော အခက်အခဲ အမျိုးမျိုးအားကျွန်ုပ်တို့လူထုတရပ်လုံး အတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့အနေနှင့် ပြည်သူလူထုနှင့် အတူအပြည့်အ၀ပူးပေါင်း ပါဝင်ကူညီနိုင်ရန် အတွက်မိမိတို့တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီကြပါရန်အသိပေး အကြောင်းကြားပါသည်။ ကျွန်ုပ်တို့ အကောင်းဆုံးမြေသြဇာအဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ စားသောက်ကုန်နှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများပေးခြင်း ဆေးဝါးများကို လှူဒါန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယင်းသို့ သဘာဝဘေးအန္တရာယ်ကပ် ဆိုးကြီးကျရောက်နေသော ပြည်သူလူထု၏အခက်အခဲအားကူညီနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ မျိုးချစ်မြန်မာများနှင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှလည်း မိမိတို့တတ်နိုင်သလောက် ငွေအား၊ ပစ္စည်းအား ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စစ်အစိုးရအနေနှင့်ပြည်သူလူထုရင်ဆိုင်နေရသောအ ခက်အခဲများအားအရင်မဖြေရှင်း ပဲလူထုဆန္ဒခံယူပွဲ အားအဓိကထား ဆက်လက်လုပ် ဆောင်နေပါသည် ။ ယင်းသို့လုပ်ဆောင်နေခြင်းကို မြန်မာပြည်လူထုတရပ်လုံးနှင့်အတူ ကျွန်ုပ်တို့အဖွဲ့မှ လူထုလှုပ်ရှားမှုများဖြင့် စစ်အာဏာရှင်အစိုးရအား ဘားတိုက်ပြန်ရောက်သည် အထိတိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားသည်။
“မည်သည့်စစ်အာဏာရှင်မှ လူထုအား မအုပ်ချုပ်စေရ။”
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာ
စာရေးသူ ... ပြည့်စုံ (အချိန်) 5/07/2008 08:47:00 PM 0 စာဖတ်သူ၏ မှတ်ချက်
အကြောင်းအရာ.. Statement


